Fork ထားတဲ့ Repo က ကြာသွားလို့ မူရင်း Repo (Upstream) နဲ့ ဖိုင်တွေ မတူတော့တဲ့ပြဿနာ (Conflict) မတက်အောင် ကုဒ်မပြင်ခင်နဲ့ ပို့ခွင့်မပြုခင် ဒီအဆင့်အတိုင်း အမြဲလုပ်ပေးပါ။
ကိုယ့်စက်ထဲက local repo ထဲမှာ မူရင်း Repo လိပ်စာကို သတ်မှတ်ပေးဖို့ လိုပါတယ်။
git remote add upstream <မူရင်း_repo_url>
ကုဒ်အသစ်တွေ မပြင်ခင် မူရင်းဆီက Update တွေကို အရင် Sync လုပ်ပြီး local ထဲ ဆွဲယူရပါမယ်။
# မူရင်း Repo ဆီက နောက်ဆုံး Update များကို လှမ်းယူမည်
git fetch upstream
# မိမိ၏ main (သို့ master) branch ထို့ ပေါင်းထည့်မည်
git checkout main
git merge upstream/main
# GitHub ပေါ်ရှိ မိမိ Fork ဆီသို့ Update ပြန်လုပ်မည်
git push origin main
- ယခုအဆင့်တွင် မိမိစက်ထဲရှိ ကုဒ်များသည် မူရင်းနှင့် ထပ်တူဖြစ်သွားပြီမို့ ပြဿနာမရှိဘဲ စိတ်ကြိုက် ကုဒ်ပြန်ပြင်/ရေးနိုင်ပါပြီ။
ပြင်ဆင်ပြီးပါက ပုံမှန်အတိုင်း Commit လုပ်ပြီး Push တင်ပါ။
git add .
git commit -m "your commit message"
git push origin main
- အားလုံးပြီးပါက မိမိ၏ GitHub Repository Page သို့သွား၍ "Compare & pull request" ကိုနှိပ်ပြီး PR ပို့နိုင်ပါပြီ။
အကို ကွန်တော်တို့ folk လုပ်လိုက်ရင် intro/username ဆိုတဲ့ branch လေးအလိုလိုဆောက်ပေးသွားတာလား